About SERISERI အကြောင်း

Knowledge grows from the ground up.အသိပညာသည် အခြေခံလူထုထံမှ ရှင်သန်ကြီးထွားလာပါသည်။

Sariputra Education and Research Initiative is a shared space connecting community realities with research and education.သာရိပုတ္တရ ပညာရေးနှင့် သုတေသနရှေ့ဆောင် ကွန်ရက်သည် ရပ်ရွာလူထု၏ လက်တွေ့ဘဝကို သုတေသနနှင့် ပညာရေးတို့ဖြင့် ချိတ်ဆက်ပေးသော ရပ်ဝန်းတစ်ခု ဖြစ်ပါသည်။

Our visionမျှော်မှန်းချက်

An inclusive space for knowledge.လူတိုင်း ပါဝင်နိုင်သော အသိပညာရပ်ဝန်း။

We envision our network becoming an inclusive knowledge sphere where everyone can participate, share freely, and coexist peacefully. In other words, we aim to unearth submerged local identities and wisdom. By valuing the lived experiences, intuitive knowledge, and skills embedded in the daily lives of individuals, we seek to integrate them with the Ivory Tower to build a truly wisdom-filled society.ကျွန်ုပ်တို့၏ ကွန်ရက်သည် လူတိုင်း ပါဝင်နိုင်ပြီး အသိပညာများကို လွတ်လပ်စွာ မျှဝေကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်သည့် အသိပညာရပ်ဝန်းတစ်ခု ဖြစ်လာရန် မျှော်မှန်းပါသည်။ တစ်နည်းအားဖြင့် ဖုံးကွယ်ပျောက်ကွယ်နေသော ဒေသန္တရ အမှတ်သညာများနှင့် ဉာဏ်ပညာများကို ပြန်လည်ဖော်ထုတ်လိုပါသည်။ လူတစ်ဦးချင်းစီ၏ နေ့စဉ်ဘဝတွင် ပါဝင်နေသော လက်တွေ့ဘဝအတွေ့အကြုံ၊ အတွင်းသိအသိပညာနှင့် အတတ်ပညာတို့ကို တန်ဖိုးထားပြီး တက္ကသိုလ်နှင့် ပညာရပ်ဆိုင်ရာ အသိပညာရပ်ဝန်းတို့နှင့် ပေါင်းစပ်ကာ ဉာဏ်ပညာပြည့်ဝသော လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ရန် ရည်ရွယ်ပါသည်။

Our missionရည်မှန်းချက်

From lived experience to shared understanding.လက်တွေ့ဘဝအတွေ့အကြုံမှ အတူတကွ နားလည်သိရှိမှုဆီသို့။

SERI is an educational initiative dedicated to bridging the gap between grassroots realities and systemic knowledge. We collaborate with local residents, educators, and youth to co-create solutions.SERI သည် အခြေခံလူထု၏ လက်တွေ့ဘဝနှင့် စနစ်တကျလေ့လာထားသော အသိပညာများအကြား ကွာဟချက်ကို ပေါင်းကူးပေးရန် ရည်ရွယ်သည့် ပညာရေးလုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။ အဖြေများကို အတူတကွ ဖော်ထုတ်ရန် ဒေသခံများ၊ ပညာရေးလုပ်ငန်းဆောင်ရွက်သူများနှင့် လူငယ်များနှင့် ပူးပေါင်းဆောင်ရွက်ပါသည်။

To help communities retain their voice and their stories.ရပ်ရွာလူထုက မိမိတို့၏ အသံနှင့် ဇာတ်လမ်းများကို ဆက်လက် ထိန်းသိမ်းပိုင်ဆိုင်နိုင်ရန် ကူညီပေးခြင်း။

Reclaim voices and stories.မိမိတို့၏ အသံနှင့် ဇာတ်လမ်းများကို ပြန်လည်ဖော်ထုတ် ပိုင်ဆိုင်နိုင်ရန်။

Support communities in reclaiming their voices and telling their own stories.လူထုအသိုင်းအဝိုင်းများက မိမိတို့၏ အသံများကို ပြန်လည်ဖော်ထုတ်ပြီး မိမိတို့၏ ဇာတ်လမ်းများကို ကိုယ်တိုင် ပြောပြနိုင်ရန် ပံ့ပိုးကူညီပါသည်။

Investigate lived realities.လက်တွေ့ဘဝ အခြေအနေများကို စူးစမ်းလေ့လာရန်။

Through training, mentoring, and collaborative research, support youth, educators, and grassroots groups to investigate their realities, document their wisdom, and question systems that silence them.သင်တန်းပေးခြင်း၊ အနီးကပ် လမ်းညွှန်ပံ့ပိုးခြင်းနှင့် ပူးပေါင်းသုတေသန ပြုလုပ်ခြင်းတို့မှတစ်ဆင့် လူငယ်များ၊ ပညာရေးလုပ်ငန်းဆောင်ရွက်သူများနှင့် အခြေခံလူထုအဖွဲ့များက မိမိတို့၏ လက်တွေ့ဘဝကို စူးစမ်းလေ့လာရန်၊ မိမိတို့၏ ဉာဏ်ပညာကို မှတ်တမ်းတင်ရန်နှင့် မိမိတို့ကို နှုတ်ဆိတ်စေသည့် စနစ်များကို မေးခွန်းထုတ်နိုင်ရန် ပံ့ပိုးပါသည်။

Make learning more just.ပိုမိုတရားမျှတသော သင်ယူမှုရပ်ဝန်းကို တည်ဆောက်ရန်။

Build a compassionate learning environment where knowledge grows from the ground up and belongs to everyone.အသိပညာသည် အခြေခံလူထုထံမှ ရှင်သန်ကြီးထွားလာပြီး လူတိုင်းနှင့် သက်ဆိုင်သည့်၊ ကိုယ်ချင်းစာတရားနှင့် တရားမျှတမှုကို အခြေခံသော သင်ယူမှုဝန်းကျင်ကို တည်ဆောက်ပါသည်။

An invitationဖိတ်ခေါ်ခြင်း

There is a place for you here.ဤရပ်ဝန်းတွင် သင်လည်း ပါဝင်နိုင်ပါသည်။

Bring your questions, experiences, and ideas. Learn with us, contribute to research, or explore a collaboration.သင်၏ မေးခွန်းများ၊ အတွေ့အကြုံများနှင့် အတွေးအမြင်များကို မျှဝေပါ။ ကျွန်ုပ်တို့နှင့် အတူသင်ယူရန်၊ သုတေသနတွင် ပါဝင်ရန် သို့မဟုတ် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ပါသည်။

Get involvedပါဝင်ဆောင်ရွက်ရန်